ဆေးရည်များတွင် ပါရှိသည့် ပိုးသတ်ဆေးများက လူ့ကျန်းမာရေးကို အထောက်အကူ
ဖြစ်စေသည့် အကျိုးပြု ဘက်တီးရီးယားများကိုပါ သေစေတတ်ကြောင်း ပညာရှင်များက
မှတ်ချက်ပြုခဲ့ခံတွင်းသန့်စင်ပလုပ်ကျင်း ဆေးရည်များသည် ရေရှည်တွင်
နှလုံးကျန်းမာရေးကို ထိခိုက်သည့် ဆိုးကျိုးမျိုး သက်ရောက်စေတတ်ကြောင်း
သုတေသီများက သတိပေး ပြောကြားလိုက်သည်။ အဆိုပါ ဆေးရည်များတွင် ပါရှိသည့်
ပိုးသတ်ဆေးများက လူ့ကျန်းမာရေးကို အထောက်အကူ ဖြစ်စေသည့် အကျိုးပြု
ဘက်တီးရီးယားများကိုပါ သေစေတတ်ကြောင်း ပညာရှင်များက မှတ်ချက်ပြုခဲ့သည်။
ဗြိတိန်နိုင်ငံမှ သုတေသီများက ဈေးကွက်ထဲရှိ ခံတွင်းသန့်စင် ပလုပ်ကျင်း
ဆေးရည် အမှတ်တံဆိပ် အများအပြားကို စုဆောင်းလေ့လာပြီး
အကျိုးသက်ရောက်မှုများကို စိစစ် မှတ်သားခဲ့ကြသည်။ယင်းတို့အနက်
Corsodyl အမည်ရှိ အမှတ်တံဆိပ်သည် နေ့စဉ်ပျမ်းမျှ
(၂)ကြိမ်အထက်သုံးစွဲခြင်းဖြင့် သွေးတိုးလာတတ်သည်ကိုပါ တွေ့ရှိခဲ့ရသည်။
Corsodylသည် ရောဂါပိုးမွှားများကို သေစေပြီး အနာကျက်စေသည့် ဓာတုဆေးဝါးမျိုး
အားကောင်းပြင်းပြစွာ ထည့်သွင်းထားသည့် ပလုပ်ကျင်းဆေးရည်ဖြစ်သည်။ ယခုသုတေသန
စစ်တမ်းကို ဦးဆောင်သည့် ပရော်ဖက်ဆာ အမ်ရီတာ အော်လူဝါလီရာက Corsodylကဲ့သို့
ပလုပ်ကျင်းဆေးရည်မျိုးသည် အသုံးပြုပြီး နာရီအနည်းငယ်အတွင်း
သွေးဖိအားကိုသိသိသာသာ မြင့်တက်လာစေတတ်ကြောင်း သတိပေးခဲ့သည်။
“ပြောရမယ်ဆိုရင် နေ့တိုင်းနေ့တိုင်း ပိုးတွေကို သတ်ပစ်နေတယ် ဆိုတာက
ကပ်ဘေးတစ်ခုပါပဲ။ ဒီထဲမှာ လူ့ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားတွေပါ
ပါကုန်ကြတယ်။ ပြီးတော့ ဒီဆေးရည်တွေ အသုံးပြုပြီးချိန်မှာ သွေးတိုးနှုန်း
နည်းနည်းတက်လာတာက နှလုံးရောဂါတွေနဲ့
လေဖြတ်မှုတွေ ဖြစ်နိုင်ခြေကို အားပေးအားမြှောက် ဖြစ်စေကြောင်း ထင်ရှားတဲ့ ညွှန်ကိန်းတစ်ခုပါပဲ”ဟု သူမက ပြောဆိုသွားသည်။ သုတေသီများက ကျန်းမာရေး ကောင်းသူ (၁၉)ဦးကို နေ့စဉ်နေ့တိုင်း Corsodyl နှစ်ကြိမ် အသုံးပြုစေပြီး စမ်းသပ်ခဲ့သည်။ ထိုအခါ သွေးပေါင်ချိန်သည် (၂)မှ (၃.၅)ကြား ယူနစ်မျှ တိုးပွားလာသည်ကို တွေ့ရှိ အဖြေထုတ်နိုင်ခဲ့သည်။ သွေးပေါင်ချိန် (၂)ယူနစ် တိုးခြင်းသည် နှလုံးဖောက်ပြန် သေဆုံးနိုင်ခြေကို သာမန်ထက် (၇)ရာခိုင်နှုန်း မြင့်တက်စေသည့် အချိုးအစားဟု သုတေသီများက ယူဆထားသည်။
MWD

0 comments:
Post a Comment