နှလုံး၊ သွေးတိုး စသော အခြားရောဂါအခံရှိသူများ ဆီးချိုရောဂါဖြစ်ပွားပါက သာမန်ဝေဒနာခံစားရသူများထက် လေးဆပိုမိုခံစားရနိုင်ကြောင်း ဆေးပညာအသိုင်းအဝိုင်းမှ သတင်းရရှိသည်။
‘‘ရောဂါအခံရှိတဲ့သူဆို သူများတွေခံစားရတာထက် အဆလေးဆပိုခံစားရနိုင်တယ်။
တစ်ပြိုင်နက်တည်းမှာပဲ အခြားရောဂါကိုလည်းကုမယ်၊ ဆီးချိုကိုလည်းကုရမယ်။
ဆီးချိုဆေးကို (၁၀)နှစ်ကျော်လောက် ရေရှည်စွဲသောက်ရင်
ကျောက်ကပ်ပျက်စီးနိုင်ခြေပိုများတယ်’’ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာမြင့်ဦး(ဂျီပီ)က ပြောသည်။
ထို့အပြင် မကုသဘဲထားပါက နောက်ဆက်တွဲရောဂါဆိုးကျိုးအ ဖြစ် နှလုံးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ မျက်လုံးကွယ်ခြင်း အပါအဝင် အနာမကျက်ဘဲ ခြေထောက်ဖြတ်ရသည်အထိ ခံစားရနိုင်သည်။
ဆီးချိုရောဂါသည် နာတာရှည်ရောဂါတစ်မျိုးဖြစ်ကာ လူငယ်များထက်
လူကြီးများ၌ ပိုမိုအဖြစ်များပြီး လက္ခဏာများမှာ ဆီးမကြာခဏသွားခြင်း၊
ရေပိုမိုငတ်မွတ်ခြင်း၊ အစာမကြာခဏစားခြင်း၊ ထုံလာခြင်းတို့ဖြစ်သည်။
လူ့ခန္ဓာကိုယ်တွင် အာဟာရအဖြစ် ပြောင်းလဲပေးသော ဟော်မုန်းတစ်မျိုးဖြစ်သည့်
အင်ဆူလင်ချို့တဲ့ခြင်းကြောင့် ကိုယ်အလေးချိန်ကျကာ ဆီးချိုရောဂါဖြစ်ပွားရခြင်း ဖြစ်သည်။
‘‘မကုသဘဲထားရင် လူကြီး၊ လူငယ်မရွေး မျက်စိကွယ်နိုင်တယ်။ ရောဂါရှိနေတဲ့သူကို glucose သွင်းရင် Coma တောင် ဝင်နိုင်တယ်။ ဒါတွေက ရုတ်တရက်ဖြစ်နိုင်ခြေရှိတဲ့ ရောဂါတွေမို့ အမြဲတမ်းစစ်ဆေးနေဖို့လိုပါတ ယ်’’ဟု ဒေါက်တာဟိန်းလင်းကပြောသည်။
ထို့ကြောင့် ရောဂါရှိသူများအနေဖြင့် နေ့စဉ်သွေးဖောက်စစ်ဆေးခြင်း ၊ ဦးနှောက်သွေးကြောပိတ်၊ မပိတ်စစ်ဆေးခြင်း၊ အချိုရှောင်ခြင်း၊ ဆေးမှန်မှန်သောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများလုပ် ပေးခြင်းနှင့် ဆေးလိပ်သောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်းများလုပ်ရန် လိုအပ်သည်။
‘‘ကျွန်မအမေဆို ဆီးချိုဖြစ်နေတာ (၁၀)နှစ်ကျော်ပြီ။ ဒီကြားထဲ လေကပါဖြတ်ထားတော့ ရောဂါနှစ်ခုကို တစ်ပြိုင်နက်တည်းကုနေရတယ်။ ဆီးချိုရောဂါက နဂိုကတည်းက သူဌေးရောဂါဆိုတော့ ပိုက်ဆံလည်းကုန်၊ ဝေဒနာခံစားရတဲ့သူလည်း ယဲ့ယဲ့ပဲကျန်တော့တယ်’’ဟု မရမ်းကုန်းမြို့နယ်မှ အသက်(၆၅)နှစ်အရွယ် ဆီးချိုဝေဒနာခံစားနေရသူ၏ သမီးဖြစ်သူ ဒေါ်သိန်းကဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လက
ရန်ကုန်နှင့် လှည်းကူးရှိ လူဦးရေငါးထောင်ကို စစ်တမ်းကောက်ယူခဲ့ရာ
မြို့ပြတွင် ၁၁ ဒသမ ၁ ရာခိုင်နှုန်းနှင့် ကျေးလက်တွင် ၇ ဒသမ ၃
ရာခိုင်နှုန်းမှာ ဆီးချိုရောဂါဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ကမ္ဘာတစ်ဝန်းလုံး၌ လူတစ်ထောင်တွင် သုံးဦးခန့်သေဆုံးပြီး တစ်နှစ်လျှင် သန်းပေါင်း ၃ ဒသမ ၂ သန်း သေဆုံးလျက်ရှိကာ မြန်မာနိုင်ငံတွင်မူ ၁၉၉၀ ပြည့်နှစ်၌ ဆီးချိုရောဂါဖြင့် သေဆုံးနှုန်းမှာ အဆင့်(၁၈)နေရာမှ ၂၀၁၀ ခုနှစ်တွင် အဆင့်(၁၅)နေရာသို့ ရောက်ရှိလာခဲ့ကြောင်း ကမ္ဘာပေါ်ရှိ ဖြစ်ပွားနေသော ရောဂါအခြေအနေများကို စစ်တမ်းကောက်ယူနေသည့် GBD (Global Burden Disease)၏ ဖော်ပြချက်အရ သိရသည်။
7day News
ထို့အပြင် မကုသဘဲထားပါက နောက်ဆက်တွဲရောဂါဆိုးကျိုးအ
ဆီးချိုရောဂါသည် နာတာရှည်ရောဂါတစ်မျိုးဖြစ်က
‘‘မကုသဘဲထားရင် လူကြီး၊ လူငယ်မရွေး မျက်စိကွယ်နိုင်တယ်။ ရောဂါရှိနေတဲ့သူကို glucose သွင်းရင် Coma တောင် ဝင်နိုင်တယ်။ ဒါတွေက ရုတ်တရက်ဖြစ်နိုင်ခြေရှိတဲ့
ထို့ကြောင့် ရောဂါရှိသူများအနေဖြင့် နေ့စဉ်သွေးဖောက်စစ်ဆေးခြင်း
‘‘ကျွန်မအမေဆို ဆီးချိုဖြစ်နေတာ (၁၀)နှစ်ကျော်ပြီ။ ဒီကြားထဲ လေကပါဖြတ်ထားတော့ ရောဂါနှစ်ခုကို တစ်ပြိုင်နက်တည်းကုနေရတယ်။ ဆီးချိုရောဂါက နဂိုကတည်းက သူဌေးရောဂါဆိုတော့ ပိုက်ဆံလည်းကုန်၊ ဝေဒနာခံစားရတဲ့သူလည်း ယဲ့ယဲ့ပဲကျန်တော့တယ်’’ဟု မရမ်းကုန်းမြို့နယ်မှ အသက်(၆၅)နှစ်အရွယ် ဆီးချိုဝေဒနာခံစားနေရသူ၏ သမီးဖြစ်သူ ဒေါ်သိန်းကဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က
ထို့အပြင် ကမ္ဘာတစ်ဝန်းလုံး၌ လူတစ်ထောင်တွင် သုံးဦးခန့်သေဆုံးပြီး တစ်နှစ်လျှင် သန်းပေါင်း ၃ ဒသမ ၂ သန်း သေဆုံးလျက်ရှိကာ မြန်မာနိုင်ငံတွင်မူ ၁၉၉၀ ပြည့်နှစ်၌ ဆီးချိုရောဂါဖြင့် သေဆုံးနှုန်းမှာ အဆင့်(၁၈)နေရာမှ ၂၀၁၀ ခုနှစ်တွင် အဆင့်(၁၅)နေရာသို့ ရောက်ရှိလာခဲ့ကြောင်း ကမ္ဘာပေါ်ရှိ ဖြစ်ပွားနေသော ရောဂါအခြေအနေများကို စစ်တမ်းကောက်ယူနေသည့် GBD (Global Burden Disease)၏ ဖော်ပြချက်အရ သိရသည်။
7day News
0 comments:
Post a Comment