Pages

Saturday, October 24, 2015

အဆီနည်းသောနို့က သွေးတိုးနှင့် နှလုံးသွေးကြောရောဂါတွေကိုသက်သာ စေနိုင်တာ သင်သိပါသလား

 1024x1024_20141020_130903_763

နို့မှာ ကောင်းကျိုးတွေအများ ကြီးရှိတယ်ဆိုတာ လူတိုင်းသိပြီးဖြစ် ပါတယ်။ ဒါပေမယ့် နို့ကသွေးတိုးနှင့် နှလုံးသွေးကြောရောဂါတွေကို ကာ ကွယ်ပေးနိုင် တယ်ဆိုတာသင်သိပါသလား။ ပြင်သစ်နိုင်ငံ မောင့်ပယ်လီယာမှာ ကျင်းပခဲ့တဲ့ Euro Fed Lipid Congress တွင် လူပေါင်း ၅၇, ၂၅၆ ဦး၊ သွေးတိုးဝေဒနာရှင် ၁၅၃၆၇ ဦးအား လေ့လာခဲ့သည်။ ရလဒ်များအရ အဆီနည်းသည့် နို့ နှင့် နို့ထွက်ပစ္စည်းများနေ့စဉ်စားခြင်းက သွေးတိုးနှင့် နှလုံးသွေးကြောရောဂါတွေကို သက်သာစေတယ်ဆိုတာတွေ့ခဲ့ရတဲ့
အကြောင်းဖော်ပြခဲ့ပါတယ်။
နို့တွင် ပရိုတင်းဓာတ်များစွာ ပါဝင်ပြီး ၎င်းင်းကကြက်သားနှင့် အရိုး များဖွံ့ဖြိုးရန် အားပေးလေသည်။
နို့က ကယ်ဆီယမ်၊ ဖော့စဖရပ် နှင့် ပိုတက်ဆီယမ်၊ ဗီတာမင်ဒီတို့ ပိုမိုပါဝင်သည့်
အတွက် အရိုးများကိုသန်မာစေပြီး ကယ်ဆီယမ်နှင့်ပိုတက်ဆီယမ်ကသွေးတိုးကို
ကျစေပြီး၊ နှလုံး ရောဂါကို ကာကွယ်ပေးစေနိုင်ပါတယ်။
နို့တွင် အဆီအမျိုးမျိုးပါဝင်ပြီး၊ အဆီပမာဏများသော နို့များကိုမူလူများသောက်
သုံးရန်အတွက် ညွန်း လေ့မရှိသော်လည်း၊ အဆီပမာဏ နည်းရန် ပြုပြင်
ထားသော နို့များကို မှု သောက်သုံးရန် သင့်တော်ပေသည်။
နို့က ခန္ဓာကိုယ်အတွက် လိုအပ်သော အရည်ဓာတ်ကို ဖြည့် ဆည်းပေးနိုင်သည်။
အခြားသော နို့ထွက်ပစ္စည်း အမျိုးမျိုးဖြစ်သည့် ထောပတ်နှင့် ဒိန် ချဉ်တို့က အစာကြေလွယ်ပြီး အူအတွင်းရှိ ပိုမွှားများကို ချိန်ညှိပေးလေသည်။
အချို့သောသူများ ဥပမာ Lactose into Lerant (နို့တွင်ပါသည့် Lactose ကို မခံနိုင်သည့်သူ) ရှိသူ များတွင် နို့ကိုသောက်သုံးရန် မသင့် တော်ပေ။

အ၀င်း
Ref;Medindia
Health Updates Journal

0 comments:

Post a Comment