Pages

Sunday, October 25, 2015

ချစ်မှုရေးရာကိစ္စများကို သာယာစေမယ့် အဆီကျဆေး

512x512_20140507_015152_618

 
သွေးတွင်းကိုလက်စတီရောကို ကျစေတဲ့ ဆေးဝါးတွေဟာ နှလုံးရောဂါကို ခံစားနေရတဲ့ အမျိုးသားကြီးတွေရဲ့ လိင်မှုရေးရာ စွမ်းဆောင်မှုတွေကို ပိုမိုကောင်းမွန်စေကြောင်း သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။Rutger Robert Wood Johnson ဆေးတက္ကသိုလ်မှ သုတေသီတွေရဲ့ လေ့လာမှုအရ Statin ဆေးဝါးတွေဟာ သွေးတွင်းကိုလက် စရောကျစေခြင်း၊ နှလုံးတိုက်ခိုက်မှုနဲ့ လေဖြတ်ခြင်းတွေကို ကာကွယ်စေ နိုင်တဲ့အပြင် အမျိုးသားအင်္ဂါ စွမ်းဆောင်မှုကိုလည်း မြှင့်တင်ပေးနိုင်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ယင်းဆေးတက္ကသိုလ်မှ နှလုံးကျန်းမာရေးပါမောက္ခ John Kostis က အမျိုးသားကြီးတွေဟာ နှလုံးကျန်းမာရေး ချို့ယွင်းမှုနဲ့အတူ လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်မှုကို ကြုံတွေ့လာရတဲ့အတွက် ဒီသုတေသနဟာ အိမ်ထောင်ရေးပြဿနာတွေအတွက် သတင်းကောင်းပဲဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
ဒီသုတေသနမှာ စမ်းသပ်မှုပေါင်း ၁၁ခုပြုလုပ်ခဲ့ရပြီး အသက်၆၀ နဲ့အထက် အမျိုးသားပေါင်း ၁၁၂၅ဦး ကိုမေးခွန်းများ မေးမြန်းခဲ့ပါတယ်။ ရလဒ်များအရ Statin ဆေးဝါးကိုသုံးစွဲပြီး နောက်မှာ နှလုံးရောဂါ၊ သွေးတွင်း ကိုလက်စတီရောစတဲ့ ပြဿနာတွေ လျော့ကျသွားတဲ့အပြင် အိမ်ထောင်ရေးသုခကိုလည်း ပါဝင်သူများ ရဲ့ ၇၈ရာခိုင်နှုန်းကရရှိခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ယခုတွေ့ရှိမှုကို The Journal of Sexual Medicine မှာဖော်ပြထားပါတယ်။
သက်နှင်း
ref; ANI
Health Updates Journal

0 comments:

Post a Comment